မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ အစုလိုက်အပြုံလိုက်
သားမယားအဖြစ် မတရားပြုကျင့်ခြင်းခံရ ခြင်း
လွန်ခဲ့သောသီတင်းပတ်အနည်းငယ်အတွင်းကကြေမွပျက်စီးခဲ့ရသောမြန်မာအမျိုးသမီးများ၏လုံခြုံမှုနှင့်ခါးသီး
လှသော အမျိုးသမီးများအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သော ဖြစ်ရပ်တခု
မလေးရှားနိုင်ငံ ဂျိုဟိုးပြည် နယ်တွင် မယုံကြည်နိုင်လောက်စရာ
ဖြစ်ပွားခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံအသီးသီးမှရောက်ရှိပြီး
အလုပ်လုပ်ကိုင်နေထိုင်ကြသော မိန်းကလေးများစွာ ရှိနေပါသည်။
သက်ဆိုင်ရာသံရုံးများ ကူညီစောင့်ရှောက်မှု ကြောင့် အခြားလူမျိုးများ၏
ဘ၀မှာ လုံခြုံ စိတ်ချရသော်လည်း မြန်မာအမျိုးသမီးများ၏
ထိခိုက်နစ်နာမှုများက တော့ မယုံနိုင်စရာကောင်းလောက်ပင်
အောက်ပါဖြစ်ရပ်များက သက်သေထူနေပါတော့သည်။

ဖြစ်စဉ်မှာ Taman Putri Wangsa Jalan Istimewa 7. No16 Kilang E.W တွင်
အလုပ်လုပ်နေသော မိန်းကလေးများအား အစုလိုက်အပြုံလိုက် မုဒိန်းကျင့်မှု
တခုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ တစောင်ဖြစ်သော STAR
သတင်းစာတစောင်ကတော့ အထ မမြောက်ခဲ့သော ကာအိနြေ္ဒပျက်ရုံလောက်သာ ဖြစ်ခဲ့သည့်
မုဒိမ်းကျင်ရန်ကြံစီမှုအဖြစ် ရေးသားဖော်ပြခဲ့သည်။ (The women, who were
all in their 20s, were later ordered to strip but his attempt to rape
them was unsuccessful and he left soon after. The star link
http://news.asiaone.com/News/AsiaOne%2BNews/Crime/Story/A1Story20090911-167164.html
အမှန်တကယ်ဖြစ်ပေါ်ခဲ့ပုံမှာ (၂၈.၈.၀၉) နေ့ မနက် ၂ နာရီ အချိန်တွင်
ဖြစ်ပွားခဲ့ပြီး ထိုနေ့မ တိုင်ခင်ကထဲက မိန်းမများသီးသန့်နေထိုင်ရာ
ထိုအိမ်အနီးသို့ မလေးရှားနိုင်ငံသားမှ ရောက်လာပြီ ဘောင်းဘီဇစ် များ
ချွတ်ပြခြင်း၊ မဖွယ်မရာများ ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေးများက
သက်ဆိုင်ရာ အေးဂျင့်သို့ တိုင်ကြား ရာ မြန်မာအေးဂျင့်မှ
ပြရင်ကြည့်လိုက်ပေါ့ဟု မချေမငံ ပြန်ပြောခဲ့ကြောင်းကို စုံစမ်းသိရှိရပါသည်


အခင်းဖြစ်သည့်ညတွင် ၎င်းအုပ်စုထဲမှ မလေးနိုင်ငံသား တယောက်အိမ်နောက်ဖေးမှ
ဖျက်ဆီး ၀င်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ အိမ်ရှေ့တံခါးကို
ဖွင့်စေပြီး နောက်ထပ်(၅) ယောက်ဝင်ရောက်လာ ကြပါသည်။
ထိုအိမ်တွင်နေသူများမှာ …မခိုင်ခိုင်မာ၊ မစန်းမြင့်၊ ခိုင်သဇင်၊
ခင်သဲချို၊ မစန္ဒာထွေး၊ မပပလင်း၊ မနုနုလွင်၊ မကေသီစံတို့အပါအ၀င်
မြန်မာမိန်းကလေး (၁၀) ယောက်ဖြစ်ပြီး ဒါးများဖြင့် ခြိမ်းချောက်ခံထားရ
ခြင်းကြောင့် အနီးပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူအညီ မတောင်းနိုင်ခဲ့ကြပါ။
ထိုသူများ အိမ်ပေါ်ရောက်သည်နှင့် မိန်းကလေးအားလုံးစုစည်းစေကာ
အ၀တ်အစားများချွတ်ခိုင်းပြီး လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားများကို
အရင်သိမ်းယူပြီးမှ ၎င်းတို့ကြိုက်နှစ်သက်ရာ မိန်းကလေးများကို ရွေးချယ်၍
အခန်းတခုတည်းထည့်ပြီး အဓမ္မကျင့်ကြံခဲ့ကြသည်။ အဓမ္မကျင့်ကြံခံရသူ
မိန်းကလေး(၄)ဦးနှင့် ကျန်မိန်းကလေးများက အော်ဟစ်ကာ ရုန်းရင်းဆန်ခတ်
ပြုလုပ်ခြင်းတို့ကြောင့် မိန်းကလေး(၂)ဦးကို ကတ်ကြေးဟုထင်ရသော
အသွားချွန်ထက်သော လက်နက်ဖြင့် ထိုးပြီးထိုသူများ
ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ဤအမှုကို မြန်မာအမျိုးသမီးများက မြန်မာသံရုံးသို့တိုင်ကြားသော်လည်း
မလေးရှားတရားဥပဒေဖြင့် အရေးယူရန်ဆောင်ရွက်ပေးခြင်းမရှိပဲ သံရုံးကိုတိုင်က
သတင်းထိမ်ချန်ပြီး အလိုတူအလိုပါသဘောမျိုးဖြင့် ထိုမိန်းကလေးများကို
တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်စေလိုက်သည်။ ဆက်လက်၍
သာမန်စောင့်ရှောက်မှု များဖြင့်သာ အကူအညီပေးထားပြီး မိန်းကလေး(၂) ဦးကို
မြန်မာပြန်သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိပါသည်။
မိမိတို့မြန်မာနိုင်ငံသားများသည် ကိုယ့်နိုင်ငံအတွင်းမှာ
ကိုယ့်လူမျိုးအစိုးရ၏ ဖိနှိပ်စော်ကားမှုတွေကြောင့် လုံခြုံမှု
ကင်းမဲ့နေရသဖြင့် အခြားနိုင်ငံများသို့နေထိုင်ကြပြန်တော့လည်း
အခြားလူမျိုးများ၏ အစော်ကားကို ခံရ၊ အခြားအစိုးရ၏ ဥပက္ခာပြုခြင်းကို
ခံရနှင့် လူသားခြင်းမစာနာမှု ၀ဲဂယက်ထဲတွင်လှုပ်လေမြုပ်လေဖြစ်နေရသည်။

မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများ NGOs နှင့်
အာဏာပိုင်အဖွဲ့အစည်းများကလည်း သူတို့နိုင်ငံ
သူတို့လူမျိုးနှင့်ပတ်သတ်လာလျှင် လက်ရှောင်ချင်ကြသည်မှာအထင်အရှား
နှုတ်ဆိတ်နေချင်ကြသည်မှာ သိသာလွန်းလှပေသည်။ ဒီအခြေအနေ
ဒီအခက်အခဲတို့ကြောင့် အကြောင်းတစုံတရာဖြစ်တိုင်း ကယ်ကူသူမဲ့နေ ရသည့်
မိမိတို့မြန်မာလူမျိုးများအဖြစ်က
ရင်နာစရာကောင်းလှပါကြောင်းတင်ပြလိုက်ရပါသည်။
လူနာ။ ။"ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။

ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး

ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်

ဒေါက်တာရယ် "

ဆရာဝန်။ ။ "နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်"

လူနာ ။ ။ "မလှုံပါဘူး ဆရာ"

ဆရာဝန်။ ။"ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်"
လူနာ ။ ။"ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ "
ဆရာဝန်။ ။"ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်"

လူနာ။ ။ "မအိပ်ပါဘူးဆရာ"

ဆရာဝန်။ ။"ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်"

လူနာ။ ။"ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ"

ဆရာဝန်။ ။"အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ"

လူနာ။ ။ "မီးသတ်သမားပါ"


ကင်မရာဝါသနာပါသူတွေအတွက်လက်တွေ့အသုံးပြုရန်အခုမှကင်မရာအသုံးပြုမဲ့
သူတွေအတွက်ပါ အသုံးတဲ့မဲ့ စာအုပ်လေး ပါဒီစာအုပ်လေးကိုဖတ်ပြီးဓါတ်ပုံပညာ
အဆင့်တန်းမြင့်အောင်ဆိုပြီးရည်ရွယ်ပြီးတင်ပြလိုက်ပါတယ်လာရောက်လည်ပတ်သူ
များအဆင်ပြေပါစေ
ဒီစာအုပ်ကို ကိုညီမင်းဆီ က ရယူပါတယ ဒီတွင်ယူလိုက်ပါ။
ငါတွေးနေခဲ့တာပေါ့မင်းလဲသူလို့ပဲလားလို့မဟုတ်ပါစေနဲ့နော် .....ကောင်မလေး
နေပြည်တော်မှာစက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် ၃၀-၉-၀၉ ကဖွင့်လစ်လိုက်ကြောင်းသိရပါတယ်။

MIDB ဘဏ်ခွဲများ

ရန်ကုန် - အမှတ် (၂၆/၄၂)၊ပန်းဆိုးတန်းလမ်း၊ကျော်က်တံတားမြို့နယ်၊ရန်ကုန်
မန်းလေးမြို့ -အမှတ်(၇၁)၊(၂၇x၂၈ )လမ်းကြား၊ချမ်းအေးသာစံမြို့နယ်၊ရွှေလှရပ်
ထီလာဘဏ် - ကျီတော်ကုန်းရပ်၊ရန်ကုန်
မုံရွာဘဏ် -အမှတ်(၃၂၃-ခ)။ဗိုလ်ချုပ်လမ်း၊နာရီစင်တောင်ဘက်၊ရုံးကြီးရပ်၊မုံရွာမြို့

Google ကုမ္ပဏီကြီးက ကမ္ဘာ့သတင်းဌာနများမှ လူကြိုက် အများဆုံး သတင်းများကို တနေရာတည်းတွင် ဖတ်ရှု၍ ရရန်အတွက် ရည်ရွယ်၍ အင်တာနက် ၀န်ဆောင်မှုတခု ဖြစ်သည့် Google Fast Flip ကို မိတ်ဆက် ပေးလိုက်သည်။
Google Fast Flipသည် သတင်းများကို စုပေါင်းဖော်ပြပေးသည့် သတင်း အမျိုးအစား အင်တာနက်စာမျက်နှာ ဖြစ်ပြီး ဟော့ဒီလိပ်စာမှတဆင့် အင်တာနက် လိပ်စာမှ တဆင့် သတင်းများကို စက်တင်ဘာလ ၁၄ရက်မှ စတင် အခမဲ့ လွယ်ကူစွာ ဖတ်ရှုနိုင်မည် ဖြစ်သည်။

Fast Flip သည် လက်ရှိဖြစ်ပေါ်နေသော သတင်းများနှင့် လူကြိုက်များသည့် ဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေ လျက် ရှိသော မဂ္ဂဇင်း များကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

Google Fast Flip မှ သတင်းများသည် Google News မှသတင်းများကို အခြေခံထားခြင်း ဖြစ်ပြီး အဖွင့် စာမျက်နှာပေါ်တွင် သက်ဆိုင်ရာ သတင်းဌာနများမှ လက်ရှိ သတင်းများကို အကျဉ်းချုပ် မြင်တွေ့နိုင်ပြီး နှစ်သက်ရာ သတင်းကို ကလစ် နှိပ်၍ သော်လည်းကောင်း၊ သက်ဆိုင်ရာ သတင်း၏ မူရင်း အင်တာနက် စာမျက်နှာသို့ တိုက်ရိုက် ၀င်ရောက်၍ သော်လည်းကောင်း ဖတ်ရှု နိုင်မည် ဖြစ်သည်။

Google က အင်္ဂလန်မှ BBC အပါအ၀င် အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကြီး သတင်းဌာနများ ဖြစ်သောBusiness Week, the Christian Science Monitor, the Daily Beast, Esquire, the New York Times, Newsweek, Salon, Slate, The Washington Post, Tech Crunch စသောသတင်းဌာနပေါင်း ၃၉ ခုနှင့်အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာ နည်းပညာနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည် လေ့လာသူတဦးက“ဒီနေ့ နာမည်ကြီး သတင်း ဌာနတွေကလူကြိုက် အများဆုံးသတင်းကို သိချင်တယ်ဆိုရင်တော့ ဒီ Google Fast Flip ဟာ အကောင်း ဆုံးပါပဲ၊ ပထမ စာမျက်နှာ ပေါ်မှာပဲ သတင်းဌာနတွေရဲ့စာမျက်နှာ တခုချင်းကို အကျဉ်းချုပ် မြင်ရတယ်၊ မြန်မာပြည်ထဲမှာ အသုံးပြုရတာ ဘယ်လိုနေလဲ မသိပေမယ့် ထိုင်းမှာတော့ အရမ်းမြန်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တွင် အင်တာနက် အသုံးပြုသူများကလည်း Google Fast Flip ကို အသုံးပြုခြင်းဖြင့် အချိန်ကုန် သက်သာကြောင်း၊ သတင်းဌာများမှ သတင်း စာမျက်နှာများကို အကျဉ်းချုပ် မြင်တွေ့ရကြောင်း ပြောသည်။

Fast Flip သည် အသစ်အဆန်းဖြစ်နေခြင်း၊ စာဖတ်သူထက် ထုတ်ဝေသူကို ပိုမို ဦးစားပေးခြင်း၊ ပုံနှိပ် စာနယ်ဇင်း များကို အတုယူထားသည့် အတွက် ခေတ်နောက်ပြန်ဆွဲနေခြင်း စသည့် အားနည်းချက်များ ကြောင့် ဝေဖန်မှု တချို့ ရှိသော်လည်း သတင်းစာမျက်နှာများကို မြင်တွေ့ရခြင်း၊ မြန်ဆန်ခြင်းတို့ကြောင့် အသုံးပြုသူများကို အဆင်ပြေစေကြောင်းလည်း သိရသည်။